မြေပုံ ဧပြီ ၁၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ (၁၇)ကြိမ်မြောက် မြို့လုံးကျွတ် ရခိုင်ရိုးရာနံ့သာသွေး ပွဲကို ယမန်နေ့ ညနေ(၇)နာရီအချိန်က မြို့မဓမ္မာရုံရှေ့ ကွင်းပြင်၌ ကျင်းပသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင် လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ၊ နှစ်စဉ် နံ့သာသွေးပြိုင်ပွဲ ကျင်းပရေးကော်မတီဝင်များတို့ ပူးပေါင်းကျင်းပသော (၁၇)ကြိမ်မြောက် မြို့လုံးကျွတ် ရခိုင်ရိုးရာနံ့သာသွေးပွဲတော်ကို ရက္ခိတမင်္ဂလာစည်တော်ဝိုင်း သံပြိုင်တီးခတ်ဖွင့်လှစ်ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မှ ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြော ကြားသည်။ ရက္ခိတမင်္ဂလာစည်တော်ဝိုင်းအဖွဲ့က ရခိုင်ရိုးရာအကများဖြင့် ဖြေဖျော်ပြီး မြေပုံလူငယ် သံစဉ်တီးဝိုင်းက သင်္ကြန်တေးအဆို/အကတို့ဖြင့် သီဆိုတီးခတ်ဖြေဖျော်သည်။
ဆက်လက်ပြီး နံ့သာသွေးပြိုင်ပွဲကျင်းပရာ နံ့သာသွေးပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ အတွင်း ရေးမှူး ဦးညီညီလွင်က ပြိုင်ပွဲသတ်မှတ်စည်းမျဉ်းစည်းကမ်းချက်များကိုပြောကြားသည်။ နံ့သာသွေး ပြိုင်ပွဲတွင် အသင်း(၂၅)သင်းတို့က ပါဝင်ယှဉ်ပြိုင်ကရာ ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုများကို ယနေ့ညနေ(၅)နာရီအချိန် ဘုရားရေသပ္ပာယ်အပြီး မြို့ဦးဘုရားရင်ပြင်၌ ဆုချီးမြှင့်ပေးသွားမည်ဖြစ် ကြောင်း သိရှိရသည်။
တင်ဝင်း မြို့နယ်ပြန်/ဆက်