ညောင်ဦး ဧပြီ ၁၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ထန်းပေါက်ကုန်းကျေးအုပ်စု၊ ထန်းပေါက်ကုန်းကျေးရွာ မီးဘေးသင့်အိမ်ထောင်စုများသို့ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေနှင့် ဆန်ရိက္ခာထောက်ပံပေးအပ်ခြင်းကို ဧပြီ ၁၃ ရက်၊ နေ့ခင်း ၁ နာရီခွဲအချိန်က ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံကသိရသည်။
အဆိုပါ ထန်းပေါက်ကုန်းကျေးရွာအုပ်စု၊ ထန်းပေါက်ကုန်းရွာ၌ ဧပြီ ၁၂ ရက်၊ နံနက် ၁၀ နာရီအချိန်ခန့်ကမီးလောင်မှုကြောင့် အိမ်ထောင်စု (၂)စု၊ မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း၊ လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ(၂၁၀၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၂၀၀၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုးပါ ပစ္စည်းများအား၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ညောင်ဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊မှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း