လမ်းမတော်မြို့နယ်တွင် Stay at home ကာလအတွင်း နေအိမ်ပြင်ပသို့ အကြောင်းမဲ့သွားလာခြင်းမပြုရန် အသိပညာပေးဆောင်ရွက်

လမ်းမတော် အောက်တိုဘာ ၂


လမ်းမတော်မြို့နယ်တွင် Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ အကြောင်းမဲ့ သွား လာခြင်းမပြုရန် အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
လမ်းမတော်မြို့နယ် အနော်ရထာလမ်းနှင့် ဗိုလ်ချုပ်လမ်းမပေါ်တွင် သွားလာနေသော ယာဉ်များအား ရပ်တန့်စေပြီး ပြည်သူများ မိသားစုကျန်းမာရေးနှင့်စားသောက်ရေးဈေး ဝယ်ခြင်းကိစ္စများမှလွဲပြီး အကြောင်းမဲ့ ပြင်ပထွက်ခွာသွားလာခြင်းမပြုရန် အသိပညာပေး ခဲ့သည်။ ယင်းသို့ဆောင်ရွက်ခြင်းသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ပိုမိုများပြားလာမှု ကြောင့် ထိထိရောက်ရောက် ကာကွယ်နိုင်ရန် ဆောင် ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဆန်းမြင့် လမ်းမတော်(ပြန်/ဆက်)