ပုဂံဂေါက်ကလပ်တွင် သင်္ကြန်ဖလားဂေါက်သီးရိုက်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ညောင်ဦး  ဧပြီ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် သင်္ကြန်ဖလားဂေါက်သီးရိုက်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၇နာရီအချိန်မှစတင်၍ ပုဂံဂေါက်ကလပ်တွင်ယှဉ်ပြိုင် ကစားခဲ့ကြပြီး၊ ဆုချီးမြှင့်ပွဲကို ညနေ ၆နာရီခွဲအချိန်တွင် Regency Hotel  တွင်ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။

သင်္ကြန်ဖလားဂေါက်သီးရိုက်အားကစားကို ပုဂံဂေါက်ကလပ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အသင်းဝင်အားကစားသမားတိုးပွားလာစေရန်၊ သင်္ကြန်ဖလားဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပခြင်းဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး ဂေါက်အားကစားအတွေ့အကြုံများ ပြန်လည် မျှဝေနိုင်ရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း၊ အဆိုပါ သင်္ကြန်ဖလားဂေါက်သီးရိုက်ပြိုင်ပွဲသို့ ညောင်ဦးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်၊ ခရိုင်စီမံအဖွဲ့ဝင်(၁) ဒုတိယဗိုလ် မှူးကြီး မျိုးခိုင်ဝင်း၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နှင့်ပုဂံမြို့တို့မှ ဂေါက်သီးအားကစားသမားများဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် ပုဂံ ဂေါက်ကလပ်အသင်းဝင်များ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဆုပေးပွဲအခမ်းအနားကို ညောင်ဦးမြို့နယ် Regency Hotel  ၌ ညနေ ၆ နာရီခွဲ အချိန်၌ကျင်းပခဲ့ ပြီး ပြိုင်ပွဲဝင်ဆုရရှိသူများအား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်၊ ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်၊ ပုဂံဂေါက်ကလပ်နာယကများက ဆုများအသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။

ဒီပါလင်း