မဟာအောင်မြေ ဧပြီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေး မြန်မာရိုးရာလမ်းလျှောက် သင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
အဆိုပါ မြန်မာရိုးရာလမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနားအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် သီရိပျံချီ ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူးဇေယျကျော်ထင်ဗို လ်ချုပ်ကိုကိုဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဖိတ်ကြားထားသော ဧည်သည်တော်များက မင်္ဂလာမန္တလေး မြန်မာရိုးရာ လမ်းလျှောက် သင်္ကြန်ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာရိုးရာ လမ်းလျှောက် သင်္ကြန်အား တာဝန်ရှိပုဂ္ဂိုလ်များမှ လှည့်လည်ကြည်ရှုခဲ့ရာ စတုဒီသာမဏ္ဍပ်များ၊ ဆင်အလှများနှင့် လမ်းလျှောက်သင်္ကြန်လာရောက်ကြသော အများပြည်သူများအား သာယာလှပစိတ်ချမ်းမြေ့ပျော်ရွှင်စွာ သနပ်ခါးလိမ်း ချယ်နိုင်စေရန် ချစ်စရာ သနပ်ခါးသင်္ကြန်အဖြစ်လည်းတမူထူးခြားစွာ လိမ်းချယ်နိုင် စေရန်ပြသထားပြီး ရာသီဉတုအပူဒဏ်ခံနိုင်စေရန်အတွက်လည်း အမိုးကာများဖြင့် သင်္ကြန်အကြိုနေ့မှ အကျနေ့၊ အကြတ်နေ့အတက်နေ့အထိ အေးချမ်းပျော်ရွှင်စွာကျင်းပပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အောင်ဇော်မင်း