ငါန်းဇွန် ဧပြီ ၁၃
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက် အခြေခံပညာအထက်တန်း ကျောင်းရှေ့ လမ်းဆုံ၌ ယနေ့ နံနက် ၉နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာ သက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်အထိမ်းအမှတ် စတုဒိသာမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမျိုးမင်းသိန်း၊ အဖွဲ့ဝင် ဗိုလ်မှူးအောင်ကျော်စံ၊ မြို့နယ်တပ်ဖွဲ့မှူး ရဲမှူးမင်းဆွေ၊ မြို့နယ်လုံခြုံရေးအရာရှိ ဗိုလ်မှူးမိုးမင်းဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ ရေပက်ဖြန်းကြပြီး အနုပညာဝါသနာရှင် ယိမ်းအဖွဲ့မှ ယိမ်းအကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသူများနှင့် ပြည်သူများအား မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မြန်မာ့ရိုးရာအစားအစာများဖြင့် စတုဒိသာတည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။
အဆိုပါစတုဒိသာမဏ္ဍပ်တွင် ယနေ့မှစ၍ မဟာသင်္ကြန်အတက်နေ့အထိ နံနက် ၈နာရီမှ ၁၁နာရီ အထိ၊ ညနေ ၃နာရီမှ ၆နာရီအထိ လာရောက်ရေစားကြသူများအား မြန်မာ့ရိုးရာအစားအစာ စတုဒိသာများ ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)