မဟာသင်္ကြန်(အကြိုနေ့)တွင် မုဒုံမြို့ပေါ်ရှိ တန်ခိုးကြီးဘုရားများ၌ ဘုရားဖူးပြည်သူများ ကုသိုလ်ယူ

မုဒုံ      ဧပြီ     ၁၃

ယနေ့ကျရောက်သည့် မြန်မာ့ရိုးရာယဥ်ကျေးမှု ​​မဟာသင်္ကြန် (အကြိုနေ့)တွင် မွန်ပြည်နယ် မုဒုံမြို့အတွင်းရှိ ဘုရားစေတီပုထိုးများ၌ ဘုရားဖူးပြည်သူများနှင့် တရားဘာဝနာပွားများသူများ အေးချမ်းစွာကုသိုလ်ယူ၍ စည်ကားလျက်ရှိသည်။

နှစ်သစ်ကူးမဟာသင်္ကြန်(အကြိုနေ့) နံနက်ပိုင်းမှစတင်၍  မုဒုံမြို့ရှိ  အထင်ကရတန်ခိုးကြီး ဘုရားစေတီပုထိုးများဖြစ်သည့်  အတောင်(၄၀၀)ပြည့် လျောင်းတော်မူဘုရားကြီး၊ ခပ်ရခပ်ယူထိုင်တော်မူဘုရားကြီး၊ သမိုင်းဝင်ဆံတော်ရှင်ကန်ကြီး၊ ကန်ကလေး၊ ဘင်လှိုင်ဆံတော်ရှင်စေတီတော်၊ ကမာဝက်မြို့ ကျိုက်ဇယ်စေတီတော်စသည့် ဘုရားစေတီပုထိုးများ၌ ဒေသခံပြည်သူများက ဆွမ်း၊ ပန်း၊ ရေချမ်းနှင့် ရွှေကြာသင်္ကန်းတို့ကို ကပ်လှူပူဇော်ကြပြီး ဥပုသ်သီလ ဆောက်တည်ကြသည့်အပြင် တရားစခန်းများတွင်လည်း တရားဘာဝနာပွားများကြ၍ သင်္ကြန်(အကြိုနေ့)ကို စတင်ကြသည်။

ထိုသို့ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ကုသိုလ်ယူနိုင်ရေးအတွက် မဟာသင်္ကြန်ကာလအတွင်း သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းအဖွဲ့အစည်းများဖွဲ့စည်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)