ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကျင်းပ

ညောင်ဦး ဧပြီ ၁၃

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ခရစ်နှစ် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ ရက်၊ နံနက် ၈ နာရီအချိန်က ရွှေစည်းခုံဘုရားကြီးအနီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးရှေ့တွင် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံကသိရသည်။

ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်က မဟာသင်္ကြန်နှုတ်ခွန်းဆက်အမှာစကားပြောကြားကာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်၊ စီမံအဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်ဝင်း၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်၊ ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရဲနိုင်တို့က မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ပြီးနောက် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ခရစ်နှစ် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ဌာနဆိုင်ရာယိမ်းအဖွဲ့များနှင့်ရပ်ကွက် ယိမ်းအဖွဲ့များမှ မြူမှောင်ဝေကင်း၊ မန်းတောင်ရိပ်ခိုသီချင်းတို့ဖြင့် ယိမ်းအဖွဲ့(၁၄)ဖွဲ့မှ ကပြဖျော်ဖြေကြကာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များမှ အောင်သပြေခက်များဖြင့် အတာရေပက်ဖြန်းခဲ့ကြောင်း သိရသည်။

ဒီပါလင်း