မိုးမောက် အောက်တိုဘာ ၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် အ-ထ-ကကျောင်း ရွှေရတုနှစ်ထပ်ဆောင်တွင် မြို့နယ် ပြင်ပရောက် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများအား Facility Quarantine ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင် ထားမှုများကို ယနေ့ နံနက် ၈နာရီ က ဗန်းမော်ခရိုင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်က ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ Facility Quarantine ကြိုတင်ပြင်ဆင်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ တစ်ဦးနှင့်တစ်ဦး ၆ပေအကွာပြင်ဆင်ထားပြီး အခန်များကို ပလပ်စတစ်များဖြင့် ဖွဲ့စည်းထားပြီး အခန်း တစ်ခန်းလျှင် ၄ ဦးနှုန်းဖြင့် အခန်း ၈ ခန်း ဆောင်ရွက် ထားရှိသည်။
ကြိုတင်ပြင်ဆင်ထားသည့် Facility Quarantine အတွက် အိပ်ယာခင်း၊ စောင်၊ ခြင်ထောင်နှင့် လိုအပ်သည့် အသုံးအဆောင် ပစ္စည်းများ ဖြည့်ဆည်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လွန်းနန်းထွေး