မြောက်ဥက္ကလာပ အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးများတွင် ဈေးရောင်း/ ဈေးဝယ် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဈေးရောင်း/ဈေးဝယ်ခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲ က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူးနှင့် ကော်မတီ ဝင် (၁၀)၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ကျောက်ရေတွင်းဈေး၊ (ဃ)ဈေး၊ (ဌ)ရပ်ကွက် မြနန္ဒဈေး၊ သီရိရတနာလက်ကားဈေးတို့တွင် ဈေးရောင်း/ ဈေးဝယ် ပြည်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဈေးရောင်း/ဈေးဝယ်ခြင်း ရှိ/မရှိ ဈေးအတွင်းသို့ လှည့်လည် ကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကို တာဝန်ရှိသူများက အကြံပြု ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါဈေးများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအသိပညာပေးခြင်းကို ဗီနိုင်းများဖြင့် ကြေညာထားခြင်း၊ Hand Speaker များဖြင့် ဈေးအတွင်းလှည့်လည်ကြေညာပေးခြင်း၊ Mask ပါမှသာ ဈေးအတွင်းသို့ဝင်ရောက်ရန် ဗီနိုင်းထားရှိပေးခြင်း၊ ဈေးအဝင်ဝတွင် လက်ဆေး ဘေစင်များ ထားရှိပေးခြင်းကို မြို့နယ်စည်ပင်၊ ဈေးများဌာနမှ စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)