မုဒုံမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပ

မုဒုံ  ဧပြီ  ၁၃

မွန်ပြည်နယ် မုဒုံမြို့နယ်၌ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဗိုလ်ချုပ်လမ်းရှိ ဗဟိုမဏ္ဍပ်၌ကျင်းပသည်။

ရှေးဦးစွာ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များက မြို့နယ်ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ထို့နောက် မြို့နယ်အတွင်းရှိယိမ်း အဖွဲ့ခြောက်ဖွဲ့ဝင်များက “မြူမှောင်ဝေကင်း၊ မန်းတောင်ရိပ်ခို”တေးသီးချင်းနှစ်ပုဒ်ဖြင့် စုပေါင်းဖျော်ဖြေ ပေးရာ တာဝန်ရှိသူများက တက်ရောက်လာကြသူများနှင့်ယိမ်း အဖွဲ့များအားသပြေခက်နှင့် အတာရေများကို လိုက်လံပက်ဖျန်းခဲ့ကြသည်။

ယခုနှစ် မုဒုံမြို့နယ်၌ သင်္ကြန်ပွဲတော်ကာလအတွင်း ဗဟိုမဏ္ဍပ်တွင် ယိမ်းအကအဖွဲ့ဝင်များ၊ အဆိုဝါသနာရှင်တို့၏ တေးသီချင်းဖျော်ဖြေရေးနှင့် စတုဒီတာကျွေးမွေးခြင်းတို့ကို မဟာသင်္ကြန်အတက်နေ့အထိ ရိုးရာမပျတ် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)