အလုံမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အလုံခရိုင်/မြို့နယ် ရွှေလုံ မောင်-မယ် ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

အလုံ ဧပြီ ၁၃

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၊ အလုံခရိုင်/ မြို့နယ်ရွှေလုံ မောင်မယ် ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲ အချိန်က အလုံမြို့နယ်၊ စောတောင်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းပေါ်ရှိ အ-ထ-က() အလုံကျောင်းရှေ့တွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်သန်းဝင်းမှ နှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကား ပြောကြားခဲ့သည်။ ဆက်လက်၍  အလုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်သန်းဝင်း၊  အလုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဦးအောင်ဇော်မိုး၊ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်း၊ အဖွဲ့ဝင်() ဗိုလ်မှူး ဌေးကြွယ်တို့က ရွှေလုံမောင်-မယ် ရေကစားမဏ္ဍပ်အား ဖဲကြိုး ဖြတ်ဖွင့်လှစ်ခဲ့သည်။

အလုံမြို့နယ် ရွှေလုံမောင်-မယ်ရေကစားမဏ္ဍတွင်  ပြည်သူများအနေဖြင့် နံနက် ၈ နာရီမှ ၁၂ ထိ တစ်ကြိမ် ညနေ ၃ နာရီမှ ၆ နာရီ တစ်ကြိမ် လာရောက်ရေကစားနိုင်ပြီး  လာရောက်ဆင်နွှဲသူများအား  တေးသီချင်းများ၊ သင်္ကြန်ယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေမှုများအပြင်  မြန်မာ့ရိုး အစားအစာများဖြင့် စတုဒိသာ ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်းသိရသည်။

တင်တင်ချို (ပြန်/ဆက်)