ဘူးသီးတောင်မြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်၌ ဖျော်ဖြေရေး၊ ရေကစားမဏ္ဍပ်များဖြင့် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

ဘူးသီးတောင် ဧပြီ ၁၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ပြည်သူများအေးချမ်းပျော်ရွင်စွာဆင်နွဲနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ကျင်းပပြုလုပ်သော မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ဖျော်ဖြေရေး၊ ရေကစားမဏ္ဍပ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သင်္ကြန်ပွဲတော်ကာလအတွင်းပြည်သူများအေးချမ်းပျော်ရွင်စွာဆင်နွဲနိုင်ရေးအတွက် မဟာသင်္ကြန်ပွဲ တော်ကျင်းပရေးဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီများမှ စီစဉ်ဆောင်ရွက်လျက်ရှိကြပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်များတွင် နှစ်သစ်မင်္ဂလာသင်္ကြန်တေးသီချင်းများ၊ ရိုးရာယဉ်ကျေးမှုအကများ၊ သင်္ကြန်ယိမ်းအကအလှယှဉ်ပြိုင်မှုများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဧည့်ခံဖျော်ဖြေမှုများအပြင် လာရောက်ဆင်နွှဲသူများအား အအေး၊ ဖျော်ရည်၊ စတုဒိသာများဖြင့်ဧည့်ခံကျွေးမွေးသွားမည် ဖြစ်သည်။

ဘူးသီးတောင်မြို့နယ်တွင် နှစ်သစ်ကူးအချိန်ခါမြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွင်စွာကျင်းပသွားမည်ဖြစ်ပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဘိုးဘွားသက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

လှကျော်( ပြန်/ဆက်)