စဉ့်ကူးမြို့နယ်၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းသည့် ကုမ္ပဏီများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ

စဉ့်ကူး၊ အောက်တိုဘာ ၂

စဉ့်ကူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သည့် ပစ္စည်းများကို အမှန်တကယ်လိုအပ်သည့်နေရာများတွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများလှူဒါန်းသည့် ကုမ္ပဏီများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော် က အဖွင့်အမှာစကားပြောကြားပြီး အလှူရှင်များ၏ကိုယ်စား အလှူရှင် တစ်ဦးမှ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းခဲ့သည်။ ထို့နောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် စဉ့်ကူးမြို့နယ်၊ နတ်တောင်ကျေးရွာအုပ်စု အလတ်စားရွှေလုပ်ကွက်အဖြစ် လုပ်ကိုင်လျှက်ရှိကြသည့် ရွှေထူးလင်း ကုမ္ပဏီမှ PPE ဝတ်စုံ( ၂၀ )စုံ၊ Mask (၁၀၀၀၀)ခု၊ အရက်ပျံ( ၅၀ )လီတာ၊ လည်ရှည်ဖိနပ်( ၁၀ )ရံ၊ ရွှေတောင်ညွန့်-အောင်လပြည့်ကုမ္ပဏီအုပ်စုမှ Mask( ၁၀၀၀၀ )ခု၊ Hand Jel 260ML ဗူး( ၄၈ )ဗူး၊ ပြည့်စုံအောင်ကုမ္ပဏီမှ ကာကွယ်ရေးပစ္စည်း PPE ဝတ်စုံ (၁၀)စုံ၊ Mask ( ၁၀၀၀)ခု၊ အရက်ပျံ( ၂၀ )လီတာတို့အား ကော်မတီဝင်များထံသို့ လှူဒါန်းခဲ့ရာ ၎င်းတို့မှလည်း အလှူရှင်များထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။ ကျော်မျိုးဝေ