မုဒုံမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

မုဒုံ   ဧပြီ   ၁၂

မွန်ပြည်နယ် မုဒုံမြို့နယ်၌ ၁၃၈၄ ခုနှစ် သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ၊ ဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပသွားမည်ဖြစ်သည်။

မုဒုံမြို့နယ် ဗဟို​ရေကစားမဏ္ဍပ်၌ အဆိုဝါသနာရှင်များမှ ခေတ်ပေါ်တေးဂီတ​သီချင်းများဖြင့် ဖျော်ဖြေခြင်း၊ သင်္ကြန်ယိမ်းအကအဖွဲ့များက အကအလှများဖြင့် ကပြ​ဖျော်​ဖြေခြင်း၊ သင်္ကြန်ကာလအကြိုနေ့မှစတင်ကာ နေ့စဉ်စတုဒီသာများကျွေးမွေးခြင်းတို့ဖြင့် ပျော်ရွှင်စွာကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးပူဇော်ပွဲ၊ ငါးလွှတ်ပွဲ၊ နှစ်ဦးပရိတ်တရားတော်နာယူပွဲနှင့် ကန်ကြီး စေတီတော်၌  ဆီမီး (၉၀၀၀)  ပန်း  (၉၀၀၀) ပူဇော်ပွဲတို့ကို  ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့သင်္ကြန်ကာလအတွင်း ပြည်သူများပျော်ရွင်ချမ်းမြေ့စေရန်အတွက် မဏ္ဍပ်ဆောက်လုပ်ပြင်ဆင်နေမှုနှင့် ပြီးစီးမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများအလိုက် လာ​ရောက်ကြီး ကြပ်လျက်ရှိကြပြီး ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)