တောင်ဥက္ကလာပမြို့နယ်တွင် Quarantine Center ထားရှိသည့် စောင့်ကြည်လူနာများထံမှ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်( Swab) ဓာတ်ခွဲနမူနာ ရယူခြင်းဆောင်ရွက်

ရန်ကုန်            အောက်တိုဘာ             

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်()ရပ်ကွက်ရှိ အမှတ်() အခြေခံပညာအလယ်တန်းကျောင်း၌ Facility Quarantine Center အဖြစ် ဖွင့်လှစ်၍ ထားရှိသော စောင့်ကြည်လူနာများထံမှ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab) ဓာတ်ခွဲနမူနာ ရယူခြင်းကို ယနေ့ နံနက် ()နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်မှုကို တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန၏ တာဝန်ရှိဆရာ၊ ဆရာမ များမှ ကိုဗစ်-၁၉ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရန်အတွက် အမှတ်()အခြေခံပညာအလယ်တန်းကျောင်း Facility Quarantine Center တွင်ထားရှိသည့် စောင့်ကြည့်လူနာ(၅၀)ဦးထံမှ ပထမအကြိမ် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် (Swab) ဓာတ်ခွဲနမူနာများ ရယူခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေထက်အောင်