သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုဗစ်-၁၉ကော်မတီဝင်များ စတုတ္ထ မြောက် ထပ်မံဖွင့်လှစ်ထားသည့် Quarantine center ပြင်ဆင်ထားမှုများအား သွားရောက် ကြည့်ရှု

ရန်ကုန် အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်း၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ) နေဘုန်းလတ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သင်္ဃန်းကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီဝင်များသည် (ဇ/တောင်)ရပ်ကွက် ပြည်သာယာလမ်းရှိ အထက(၂)သင်္ဃန်းကျွန်းတွင် အသစ်ထပ်မံပြုလုပ်ထားသည့် community based facilities quarantine center no.(4) ၌ ပြင်ဆင်ထားမှုများကို သွားရောက်ကြည့်ရှုခဲ့ကြပြီး Quarantine နေထိုင်သူများ ၏လိုအပ်ချက်များပြည့်စုံစေရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ဆောက်လုပ်ရေးဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)၊ သင်္ဃန်းကျွန်း ပညာရေးကောလိပ်၊ အထက (သုဝဏ္ဏ)တို့တွင် Quarantine center များဖွင့်လှစ်ထားရှိခဲ့ပြီး စတုတ္ထမြောက် Quarantine center ကို Primary contact person များထားရှိရန် လိုအပ်လျက်ရှိသဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်လာပါက Quarantine center များကိုဆက်လက် ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ရဲမင်းထွန်း (ပြန်/ဆက်)