မိုင်းလုံမြို့ ရသေ့တောင်ပေါ်တွင် "လွယ်ကော်စုမ့်မိန်း ဗုဒ္ဓစေတီတော်" ထီးတင်ပွဲကျင်းပ

မိုင်းလုံ ဧပြီ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့အဝင်ရှိ ‌ရသေ့တောင်ပေါ်တွင်တည်ထားသော "လွယ်ကော်စုမ့်မိန်း ဗုဒ္ဓစေတီတော်"ထီးတင်ပွဲကို ယမန်‌နေ့က ကျင်းပခဲ့သည်။

ထီးတင်ပွဲတွင် ဆုတောင်းပြည့်ကျောင်းမှ ဦးဇင်း ဦးပညာဘောဂနှင့် ရသေ့ဦးသီလာစာရတို့ဦး‌‌ဆောင်၍ကျင်းပရာ ရပ်နီးရပ်ဝေးမှဓမ္မမိတ်ဆွေများကလာရောက်၍ စမ္မစင်္ကြာတရား‌ရွတ်ဖတ်ခြင်း၊ ထီးတင်ရာတွင် ပြည်သူများကဝိုင်းဝန်းစုပေါင်း၍ ကုသိုလ်ယူကြပြီး တောင်ပေါ်တို့တက်ရောက်လာသူများကို စေတနာရှင်များက ထမင်းဘူး၊ ရေဘူး၊ ကြာဇံကြော်၊ ကောက်ညှင်းပေါင်း၊ ထမင်းကြော်များကို ကုသိုလ်ယူ ဝေငှပေးခဲ့သည်။

စေတီထီးတင်ရာတွင် စိန်ဖူးတော်ကိုချန်ထားပြီး မိုင်းဖုန်းဆရာတော် အရှင်ဘဒ္ဒန္တဉာဏသံဝရ ကိုယ်တိုင်လာရောက်တင်မည်ဖြစ်‌ကြောင်းကို ရသေ့တောင် ဂေါပကအဖွဲ့ထံမှ သိရသည်။  

ဇော်ဇော်(ပြန်/ဆက်)