နွားထိုးကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်မှ Online ပုံပြင်ပြောပြခြင်း ဆောင်ရွက်

နွားထိုးကြီး၊  အောက်တိုဘာ   ၂

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်မှ Online ပုံပြင်ပြောပြခြင်း အစီအစဉ်ကို ယနေ့နံနက်၉နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နွားထိုးကြီး မြို့နယ် ပြည်သူ့စာကြည့်တိုက်က လေးစာဖတ်ခန်းတွင် “သားသမီးတွေကို ကာကွယ်ပေးတဲ့လိပ်မေမေ”ဟူသော ခေါင်းစဉ်ဖြင့်Online ပုံပြင်ပြောပြခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ နွားထိုးကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်အနေနဲ့ ကိုဗစ်-၁၉ကာလအတွင်းမှာစာအုပ်ငှားရမ်းခြင်းတွေကို ခေတ္တယာယီရပ်နားထားရတဲ့အချိန်မှာ မိဘပြည်သူများ၊ စာပေဝါသနာ ရှင်များ၊ စာဖတ်ပရိတ်သက်များနှင့် ကလေးသူငယ်များကို အသိပညာရရှိစေတဲ့ Online ဝန်ဆောင်မှုလုပ်ငန်းတွေကို နွားထိုးကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Pageမှတဆင့် ထုတ်လွှင့်တင်ဆက်ပေးနေပတယ်”ဟု မြို့နယ်ဦးစီးမှူး ဦးတင့်လွင်ဦးကပြောသည်။

နွားထိုးကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Page မှ တဆင့်ကိုဗစ်-၁၉ကာလအတွင်း မိဘပြည်သူများနှင့်ကလေးသူငယ်များကို အသိပညာဗဟုတရရှိစေသည့် ပုံပြင်ပြောပြခြင်း၊ စက္ကူအရုပ် ခေါက်ပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်းစသည့် Online ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)