မိုးနဲမြို့နယ်၌ ၂၀၂၃ ခုနှစ် အတာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မိုးနဲ ဧပြီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြို့နယ် ဌာနစုပေါင်းရုံး မြက်ခင်းကွင်းပြင်နေရာ၌ ၂၀၂၃ ခုနှစ် အတာသင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ရေကစားမဏ္ဍပ်ကို ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မဏ္ဍပ်ပြင်ဆင် ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများမှ မိမိတို့ကဏ္ဏအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြို့နယ် လျှပ်စစ်ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများပူးပေါင်းကာ မီးအလှဆင်လျက်ရှိရာမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်မှ လာရောက်ကြီးကြပ်ပေးလျက်ရှိကြောင်း၊ ဧပြီလ ၁၂ ရက်နေ့တွင် လမ်း လျှောက်သင်္ကြန်ကျင်းပသွားမည်ဖြစ်ပြီး ပြည်သူများ ပူးပေါင်းပါဝင်နိုင်ကြောင်း၊ ဧပြီလ ၁၃ ရက်နေ့ အကြိုနေ့တွင် ရေကစားမဏ္ဍပ် ဖွင့်ပွဲပြုလုပ်ပြီး ဧပြီလ ၁၆ ရက်နေ့ထိ ညစဥ် သင်္ကြန်ယိမ်းအကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

ဇင်ကိုကို(ပြန်/ဆက်)