မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာ မဟာဝိသုဒ္ဒါရုံ ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တဇာဂရအား ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပ

သံတွဲ   ဧပြီ  ၁၁

သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာမဟာဝိသုဒ္ဓါရုံကျောင်းတိုက် ဦးစီးပဓါနနာယက ဆရာတော်မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ  ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံက် ၈ နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကြွရောက်တော်မူကြသည့် ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့ကအခမ်းအနားကို နမောတဿဗုဒ္ဓဝန္ဒနာဂါထာတော်ကို သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ရခိုင်ပြည်နယ်မင်းပြားမြို့ ပရိယတ္တိဓမ္မိကာရုံကျောင်းတိုက် ဦးစီးပဓါနနာယ က၊ နိုင်ငံတော်သံဃမဟာနယကအဖွဲ့ (တွဲဖက်အကျေိုးတော်ဆောင်) ဆရာတော် ဘဒ္ဒန္တဣန္ဒာရိယ ( အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ဦးစောထွေးက သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာမဟာ ဝိသုဒ္ဓါရုံကျောင်းတိုက် ဦးစီးပဓါနနာယက ဆရာတော်မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ၏ ထေရုပ္ပတ္တိအားဖတ်ကြားပူဇော်ခဲ့သည်။ ၎င်းနောက် မဟာဗောဓိစာသင်တိုက် ဦးစီးပဓါနနာယက( အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ) (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်)ဆရာတော်ဘဒ္ဒန္တ ကလျာဏ ဩဝါဒကထာမိန့်ကြားတော်မူပါသည်။

ဆက်လက်၍  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးမျိုးချစ်၊အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် အလှူရှင်များက မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာ မဟာဝိသုဒ္ဒါရုံကျောင်းတိုက်ဆရာတော်

ဘဒ္ဒန္တဇာဂရအားအား ထပ်ဆင့်ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လှူဘွယ်ဝတ္ထုများကိုဆက်ကပ်လှူဒါန်းပြီး ပင့်ဖိတ်၍ ကြွရောက်တော်မူကြသည့် ဆရာတော်သံဃာတော်များအား လှူဘွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သုခဝတီပရိယတ္တိစာသင်တိုက်၊ သုခါဝါသဓမ္မရိပ်သာ၊ ဥက္ကလာသီရိ ကျောင်း (သုခဝတီ-ရန်ကုန်)တို့၏ ဦးစီးပဓါနနာယက ဆရာတော် ဘဒ္ဒန္တစန္ဒိမာ (မဟာသဒ္ဒမ္မ ဇောတိကဓဇ)က လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးပေးဝေခဲ့သည်။ ထို့နောက် မြို့မမေတ္တာတေးသံအဖွဲ့က ဆရာတော်အားတေးထပ်၊ ရတုများရွက်ဆိုပူဇော်ခဲ့ကြပြီး ဗုဒ္ဓသရနံစိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)