တံတားဦးမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်ဆောက်လုပ်

တံတားဦး ဧပြီ ၁၁

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၁၃၈၄-ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဗဟိုမဏ္ဍပ်ကို ဧပြီလ(၈)ရက်နေ့ နံနက်ပိုင်းမှစတင်၍ တံတားဦးမြို့ လမ်းမတော်လမ်း သမိုင်းဝင်ဆေးအိုးဖိုဘုရားနီးတွင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ၁၃၈၄-ခုနှစ် နှစ်ဟောင်းမှ ၁၃၈၅-ခုနှစ် နှစ်သစ်ကူး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ဧည့်ခံဖျော်ဖြေရေးမဏ္ဍပ်ကို သင်္ကြန်အကြိုနေ့ညနေ(၄)အချိန်တွင် မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ကျင်းပမည်ဖြစ်ပြီး သင်္ကြန်အကျနေ့၊ သင်္ကြန်အတတ်နေ့အထိ နေ့စဉ်နံနက်(၈)နာရီမှ (၁၁)နာရီအထိ ညနေ(၄)နာရီမှ (၆)နာရီအထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယိမ်းပျိုဖြူ(၁)ဖွဲ့၊ ပညာရေးဌာနမှယိမ်းပျိုဖြူ(၂)ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှ ယိမ်းပျိုဖြူ(၁)ဖွဲ့၊ မြို့ပေါ်ရပ်ကွက်အမှတ် (၁၊ ၂၊ ၃)တို့မှ ယိမ်းပျိူဖြူ(၂)ဖွဲ့နှင့် ဇီးပင်ကွေ့ကျေးရွာမှယိမ်းပျိုဖြူ(၁)ဖွဲ့ စုစုပေါင်းယိမ်းပျိုဖြူ(၇)ဖွဲ့တို့ဖြင့် ကပြဧည့်ခံဖျော်ဖြေပေးမည်ဖြစ်ကြောင်း သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)