ပေါင် ဧပြီ ၁၀
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်အတွင်း နွေစပါးစိုက်တောင်သူများ စပါး မျိုးကောင်း၊ မျိုးသန့်များစိုက်ပျိုးပြီး ဝင်ငွေတိုးပွားစေရန်အတွက် နွေစပါးစံကွက် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉နာရီခွဲ ကပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့်တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါနွေစပါးစံကွက် ရိတ်သိမ်းခြင်းကို ပေါင်မြို့နယ် နွေစပါးဧက (၁၀၀)၊တစ်ဧကတင်း၁၂၀ ထွက်ရှိရေးစံပြကွက်ဆောင်ရွက်ထားသော ကတွန်ကျေးရွာ ကွင်းအမှတ် (၇၇၄)၊ ဦးပိုင်အမှတ် ၃၃/၂ရှိတောင်သူ ဦးကျော်ဝင်း၏ GW-11 စပါးစိုက်ခင်း( ၀.၁၀)ဧကရှိ စံကွက် အားရိတ်သိမ်း ခြွေလှေ့ခဲ့ရာအစိုတင်း (၁၅)တင်း အခြောက်တင်း(၁၃.၆၅) တင်း ထွက်ရှိခဲ့သဖြင့် တစ်ဧကလျှင်ပျှမ်းမျှအစိုတင်း ၁၅၀ အခြောက်တင်း ၁၃၆.၅၀ တင်းထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပေါင်မြို့နယ်တွင် နွေစပါးစိုက်ဧကပေါင်း (၂၀၀၉၂)ဧကရှိပြီး ယခုအချိန်တွင် နွေစပါးတင်းတစ်ရာကို ငွေကျပ်တစ်ဆယ့်လေးသိန်းကျော်ဖြင့်အရောင်းအဝယ် ပြုလုပ်နေကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)