ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် သတိပြုကာကွယ် အစာအဆိပ်သင့်ခြင်းအန္တရာယ်အကြောင်း အသိပညာပေး Talk Show အစီအစဥ်ရိုက်ကူးထုတ်လွှင့်

ဒဂုံတောင်  ဧပြီ  ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး Community Centre ခန်းမ၌ ယမန်‌နေ့ မွန်းလွဲ နာရီက သတိပြုကာကွယ် အစာအဆိပ်သင့်ခြင်းအန္တရာယ်အကြောင်း အသိပညာပေး Talk Showအစီအစဥ် ရိုက်ကူးထုတ်လွှင့်သည်။

အဆိုပါ အသိပညာပေး Talk Show အစီအစဥ်တွင် အစာအဆိပ်သင့်ခြင်းအကြောင်းအရာများ၊ ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများနှင့် အခြားဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းအေးနှင့် ဓာတ်ပုံကျွမ်းကျင်-၂  ဦးသက်မင်းဟန်တို့က အပြန်အလှန်ဆွေးနွေး တင်ဆက်ကြသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရုံးသည် ယခုကဲ့သို့  Talk Show အစီအစဥ်များအပြင် ပြည်သူများအသိပညာ ဗဟုသုတရရှိစေမည့် အစီအစဥ်များကို မြို့နယ်ပြည်သူ့စာကြည့်တိုက် facebook pageတွင် လွှင့်တင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သန်းသန်းအေး