စဉ့်ကိုင် ဧပြီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင်မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန်အတွက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိရာရပ်ကွက်/ကျေးရွာအလိုက်ယိမ်းအဖွဲ့များအကတိုက်နေသည့်နည်းတူ၊ မြို့နယ်ဗဟိုမဏ္ဍပ်နှင့် ဧည့်ခံမဏ္ဍပ်ကို ရန်ကုန်-မန္တလေးကားလမ်းမကြီးဘေး၊ ရန်အောင်မြင်ရပ်ကွက်မြသီတာပန်းခြံ အတွင်း ဧပြီလ(၈)ရက်နေ့မှ စတင်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်၁၃၈၅ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကြီးကို မြန်မာ့ရိုးရာအစဉ် အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေး စီစဉ်ဆေင်ရွက်လျက်ရှိရာ၊ မြို့နယ်ဗဟိုမဏ္ဍပ်နှင့်ဧည့်ခံမဏ္ဍပ်ကို ရန်ကုန်-မန္တလေးလမ်းမကြီးဘေး၊ မြသီတာပန်းခြံ၀န်းအတွင်း ဆောက်လုပ်လျက်ရှိပြီး မဏ္ဍပ်မှာ အလျား ၇၂ပေ၊ အနံ ၂၈ ပေနှင့် အမြင့် ၂ ၀ပေဖြစ်ကြောင်း သိရသည်။ အဆိုပါ ဗဟိုမဏ္ဍပ်တွင် သင်္ကြန်အကြိုနေ့ ညနေ ၄နာရီခွဲ၌ မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ကျင်းပသွားမည်ဖြစ်သည်။
သင်္ကြန်အကျနေ့တွင် နံနက်(၉)နာရီမှ(၁၁)နာရီအထိ၊ ညနေ(၃)နာရီမှ(၆)နာရီထိ ကျောက်ဆည်တက္ကသိုလ်(၁)ဖွဲ့၊ အခြေခံပညာဦးစီးဌာန (၂)ဖွဲ့၊ ရပ်ကွက်/ကျေးရွာများမှ (၁၂)ဖွဲ့ စုစုပေါင်း(၁၅)ဖွဲ့ဖြင့် ယိမ်းပျိုဖြူလေးများ၏ အလှည့်ကျ အကအလှများဖြင့် ကပြဖျော်ဖြေသွားမည်ဖြစ်ရာ Vocalistအဖွဲ့မှလည်းသီဆိုဖျော်ဖြေခြင်း၊ သင်္ကြန်အကြတ်နေ့နှင့် အတက်နေ့များတွင် စုစုပေါင်းယိမ်းအဖွဲ့(၁၅)ဖွဲ့မှ ပြိုင်ပွဲ၀င်သွားမည်ဖြစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မဏ္ဍပ်တွင်ဝန်ထမ်းများနှင့် အလှူရှင်များ စုပေါင်း၍ နေ့စဉ်စတုဒိသာကျွေးမွေးဧည့်ခံခြင်းများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)