ကျိုင်းတုံမြို၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်

ကျိုင်းတုံ   ဧပြီ  ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၃ ခုနှစ်(၁၃၈၄ ခုနှစ်) သင်္ကြန်ကာလအတွင်းရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ၊  ကျိုင်းတုံဒေသသင်္ကြန်ကာလ ရိုးရာဖားစည်ပို့ဆောင်ပွဲ၊  ဗဟိုမဏ္ဍပ် ဖျော်ဖြေပွဲများဖြင့်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။

ထိုသို့ကျင်းပရာတွင် ဗဟိုမဏ္ဍပ်အပါအဝင်၊ မဏ္ဍပ်အသီးသီးတွင် မဏ္ဍပ်များတွင် အဆိုတော်များမှ ခေတ်ပေါ်တေးဂီတသီချင်းများဖြင့် ဖျော် ဖြေခြင်း၊ သင်္ကြန်ယိမ်းအက၊  စတုဒီသာကျွေးမွေးခြင်းများဖြင့် ပျော်ရွှင်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် ဇီဝိတ ဒါနငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်္ကြန်ကာလ ဖားစည်ပို့ဆောင်ပွဲသည် ကျိုင်းတုံဒေသတွင် ထူးခြားပျော်ရွှင်ဖွယ်ကောင်းပြီး ပို့ဆောင်ရာလမ်းတစ်လျှာက်တွင် ရေကစားသူ များ စတုဒီသာ ကျွေးသူများဖြင့် ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းခြင်းဖြစ်ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)