ဒက္ခိဏသီရိမြို့နယ်တွင် မျိုးစေ့ချကိရိယာဖြင့် ပဲတီစိမ်းစိုက်ပျိုး

လယ်ဝေး ဧပြီ ၉

ကျေးလက်နေတောင်သူများ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် သမားရိုးကျစနစ်မှစက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် ၄၇ စက်မှုလယ်ယာစခန်းအနေဖြင့် ဒေသခံတောင်သူများ၏ လယ်ယာမြေများတွင် စက်ကိရိယာများဖြင့် စိုက်ပျိုးပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ကလယ်ဝေးမြို့၊ အမှတ် ၄၇ စက်မှုလယ်ယာစခန်းနှင့် ဒက္ခိဏသီရိမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာ၊ ကွင်းအမှတ် ၁၆၇၂ ၊ တောင်သူဦးကျောက်၏ လယ်မြေ ၈ ဧကတွင် မျိုးစေ့ချကိရိယာဖြင့် ပဲတီစိမ်းသီးနှံစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

ဝေကြည်( ပြန်/ဆက် )