ကျိုက်မရောမြို့မဟာစည်သာသနာ့ ရိပ်သာနှင့်ဇေတဝန်ဘုန်းတော်ကြီးကျောင်းတို့၌ မဟာသင်္ကြန်အကြို  ဆယ်ရက်တရားစခန်းများစတင်ဖွင့်လှစ်

ကျိုက်မရော   ဧပြီ  ၉

မြန်မာလူမျိူးတို့၏ နေ့ထူးရက်မြတ်ဖြစ်သော မဟာသင်္ကြန်ရက်အကြိုတွင် အများပြည်သူအလုပ်ပိတ်ရက် ရက်ရှည်ကာလအတွင်း တရားစခန်းများ၌ တရားဘာဝနာများဝိပသနာ တရားများကို အေးချမ်းစွာတရားအားထုတ်လိုသည့် ယောဂီများအတွက် ဆယ်ရက်တရားစခန်း  ရိပ်သာများဖြစ်သည့် မသာစည်သာသနာ့ရိပ်သာ၊ဇေတဝန် ဘုန်းကြီးကျောင်းရှိ တရားစခန်းများကို ယနေ့နံနက် ၈နာရီမှစတင် ဖွင့်လှစ်လျက်ရှိရာ တရားဘာဝနာ  ကြိုးစားအားထုတ်လိုသူ သူတော်စင် ယောဂီ များစတင် လာရောက်လျက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါသင်္ကြန်အတွင်း တရားစခန်းများကို နှစ်စဥ်တန်ခူးလဆုတ် ၉ရက်နေ့မှ စတင်ကာ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ဆယ်ရက် တရားစခန်းများအဖြစ် တရားအားထုတ်နိုင်ရန် နှစ်စဥ်ဖွင့်လှစ်ထားရှိပေးကြောင်းနှင့် ယနေ့တွင် မဟာစည်ရိပ်သာ၌ တရားစခန်းဝင်သူအမျိုးသား ၇ဦး အမျိုးသမီး(၂၄)ဦး စုစုပေါင်း ၃၁.ဦးနှင့် ဇေတဝန်ကျောင်း ရိပ်သာ၌ အမျိုးသားယောဂီ ၁၂ ဦး အမျိုး သမီးရောဂီ ၃၈ဦး စုစုပေါင်း (၅၀)ဦး တို့ စတင် တရားအားထုတ်ရန် ရောက်ရှိနေပြီးဖြစ်ကြောင်း  တရားစခန်းရှိ တာဝန်ရှိသူယောဂီ ဦးလှသန်းထံမှသိရသည်။

ယခုနှစ်တွင် တရားစခန်းများ ဖွင့်လှစ်မှု များပြီး တရားစခန်းများသို့ဖြန့်၍ တရားဘာဝနာ ကျင့်ကြံအားထုတ်သူများလည်း ယခင်နှစ်ကထက် ပိုမိုလာကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)