ကျိုက်မရော ဧပြီ ၉
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၌မြန်မာနှစ်သစ်ကူး အတာသင်္ကြန် အများပြည်သူ ရုံးပိတ်ရက်များအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရား ဖူးပြည်သူများ၊ ရဟန်းခံ၊ရှင်ပြု အလှူ မင်္ဂလာပွဲများ အနားယူအပန်းဖြေကြသူများဖြင့် ယနေ့ နံနက်ပိုင်းတွင် ဆုတောင်း ပြည့်ဘုရားကြီးအတွင်း ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။
ယနေ့တွင် ဆုတောင်းပြည့် ဘုရားကြီး သို့ ဆယ်ဘိန်းကားကြီး များဖြင့်ရဟန်းခံရှင်လောင်းလှည့်လည်ပွဲများ၊အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း၊ အမြို့မြို့အနယ်နယ်မှ ရုံးပိတ်ရက်များ၌ အပန်းဖြေအနားယူသူများဖြင့် တိုးမပေါက်အောင် စည်ကားလျက်ရှိကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)