မြောက်ဦး ဧပြီ ၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာရှိ ယာယီခိုလှုံရာစခန်းနေပြည်သူများ သောက်သုံးရေပြတ်လပ်မှုမဖြစ်ပေါ်စေရေး မောက်ဦးမြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များမှ ယနေ့နံနက် ၁၀ နာရီကအချိန်က သွားရောက်ကာသောက်သုံးရေများကို ဖြန့်ဝေလှူဒါန်းပေးခဲ့သည်။
အဆိုပါ သောက်သုံးရေများ သွားရောက်လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးဦးလှဝင်းဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်များက တမ်ညိုကျေးရွာ ယာယီခိုလှုံရာစခန်းနေ ပြည်သူများ သောက်သုံးရေဖူလုံစေရေး ရေဂါလန်(၈၀၀)ဆံ့သည့်ရေပမာဏကို ယာယီနေရပ်စွန့်ခွာသူများ သောက်သုံးရေရရှိစေရန် ၎င်းတို့အသုံးပြုသည့် သောက်သုံးရေကန်တွင် ရေဖြည့်တင်းပေးခြင်း၊ ရေအိုး၊ ရေပုံးများတွင် ရေဖြည့်ပေးခြင်းကိုတို့ စနစ်တကျဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး၊စိုးငြိမ်းနိုင်(ပြန်/ဆက်)