မြောက်ဦး ဧပြီ ၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသ၌ ပြည်တွင်း၊ပြည်ပ ဘုရား ဖူးဧည့်သည်များ အဆင်ပြေစေရန်အတွက် မြောက်ဦးဟိုတယ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က မြောက်ဦးဟိုတယ်ပြန် လည် ဖွင့်လှစ်ရခြင်းသည် ရှေးဟောင်းမြို့တော်ဖြစ်သည့် နှင့်အညီ ပြည်တွင်း၊ပြည်ပ မှ ဘုရား ဖူး ဧည့်သည်များ လာရောက်ချိန်၌ အဆင်ပြေပြေ တည်းခိုနိုင်ရန်အတွက် ပြန်လည်ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဖဲကြိုးဖြတ်ဖွင့်ပွဲသို့ နယ်မြေခံ တပ်မမှူး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင် ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင် ၊ Jaguar X Co., Ltd မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းထွန်းဇော် တို့က ဟိုတယ် စားသောက်ခန်းနှင့် ဧည့်ကြိုကြားတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး မြောက်ဦးဟိုတယ်ဆိုင်းဘုတ်အား တက်ရောက်လာသောဧည့်သည်များမှ အမွေးနံ့သာရည်များဖြင့် ပက်ဖြန်းခဲ့ကြသည်။
“မြောက်ဦးဟိုတယ်ကို ၂၀၂၀ ခုနှစ် စက်တင်ဘာလ မှစ၍ စတင်ပိတ်ထားခဲ့ရာ ၂ နှစ်ကျော် ကြာ မြင့်ခဲ့ပြီဖြစ်သောကြောင့် ယခုအခါမြောက်ဦးဟိုတယ်ကို ခရီးသွားပြည်သူအဆင်ပြေစေရန်အတွက် ၂၀၂၃ ခုနှစ် ဧပြီလ ၉ ရက်နေ့ မှ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းကို” မြောက်ဦးခရိုင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးထွန်း ထံမှသိရသည်။
အဆိုပါအခမ်းအနားသို့ နယ်မြေခံတပ်မမှူး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင် ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင် ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ် မှူး ကြီးတင်ထူးလှိုင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးစိုးသက်နှင့် အဖွဲ့ဝင်များ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်၊ ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန မြောက်ဦးခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးထွန်း၊ ဌာန ဆိုင်ရာများ၊ Jaguar X Co., Ltd မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းထွန်းဇော် ၊ ဖိတ်ကြားထားသော စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်စိုး၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)