ကလောမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ၂ / ၂၀၂၃ အခြေခံကွန်ပျူတာသင်တန်း ဆင်းပွဲပြုလုပ်

ကလော   ဧပြီ    ၉

အခြေခံလူတန်းစားများ အသက်မွေးဝမ်းကြောင်းတွင် တစ်ဘက်တစ်လမ်းမှ အထောက်အကူပြု နိုင်စေရန်အတွက် ရည်ရွယ်၍ ရှမ်းပြည် နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ၂ /၂၀၂၃ အခြေခံပညာကွန်ပျူတာ သင်တန်းကို အခမဲ့သင်ကြားပေးလျက်ရှိရာ ယမန်နေ့ညနေ ၃ နာရီက အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်ကအခြေခံလူတန်းစားများ အသက် မွေးဝမ်းကြောင်းတွင် တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်နှင့်ယနေ့ခေတ်လူငယ်လူရွယ်များ အသိပညာများအပြင် အတက် ပညာကိုပါ လက်တွေ့ကျကျအသုံးချတက်မှသာလျှင် မိမိတို့ဘဝရပ်တည်ချက်ခိုင်မာလာစေရန်၊ ပတ်ဝန်းကျင်အတွင်း လူနေမှုဘဝအဆင့်အတန်းမြင့်မား တိုးတက်လာစေရန် စသည်တို့ကို သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဆရာမကို ဂုဏ်ပြုဆုငွေနှင့် သင်တန်းသား၊သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များကို ဦးစီးအရာရှိနှင့် တာဝန်ရှိသူများကအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့သည်။

အသင်း အဆိုပါသင်တန်းတွင် ကလောမြို့ပေါ်ရှိ သင်တန်းသား၊သင်တန်းသူ ၁၀ ဦးတို့ကို မတ်လ ၈ ရက်နေ့မှစ၍ ဧပြီလ ၈ ရက်နေ့အထိ စာတွေ့လက်တွေ့အခမဲ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)