သာစည်မြို့၌ နွေရာသီအခြေခံအားကစားသင်တန်းများ ဆင်းပွဲအခမ်းအနားကျင်းပ

သာစည် ဧပြီ ၉

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော  နွေရာသီအခြေခံအားကစားသင်တန်းများ ဆင်းပွဲအခမ်းအနားကို ဧပြီ ၇ ရက်နံနက် ၁၀ နာရီက  မြို့နယ်ပြည်သူ့အားကစားပြိုင်ကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က သင်တန်းဆင်း အမှာစကားပြောကြားသည်။ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ များနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးဟိန်းဇာထွန်းတို့က ကရာတေး၊  မြန်မာ့သိုင်း၊ မြန်မာ့ရိုးရာခြင်းလုံးကစားနည်း၊ ဘော်လီဘော၊ ဘောလုံးနှင့်Fitness Dance ကစားနည်း ၆ မျိုးတို့မှ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များနှင့်သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။  ထို့နောက် ကရာတေးနှင့် Fitness Dance တို့မှသင်တန်းသား/သူများကသရုပ်ပြသဖျော်ဖြေခဲ့ကြောင်းသိရသည်။အဆိုပါသင်တန်းများကိုမတ် ၁၀ ရက်မှဧပြီ ၇ ရက်နေ့အထိ  သင်တန်းကာလ  ရက်သတ္တပတ် လေးပတ်ကျော် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သူ ၁၁၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲသို့  မြို့နယ်အုပ်ချုပ်ရေးမှူး၊  ဌာနဆိုင်ရာများ နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၊သင်တန်းနည်းပြများနှင့် သင်တန်းသားများတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)