ကျိုင်းတောင်းမြို့ နွေရာသီအပန်းဖြေနေရာ နမ့်ဆောင်ဂဲ၌ ရေပေါ်ဆိုင်များဖွင့်လှစ်ထားရှိ

ကျိုင်းတောင်း ဧပြီ    ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် နွေရာသီရောက်ရှိလာ၍ ဒေသခံပြည်သူများက အပူဒဏ်ကာကွယ်ရန်အတွက် မြစ်ချောင်ကမ်းနဘေးစသည့် နေရာများ၌ အပန်းဖြေပျော်ပွဲစားထွက်လေ့ရှိကြောင်း သိရသည်။

ကျိုင်းတောင်းမြို့ရှိ ဒေသခံပြည်သူများသည် နွေရာသီအပန်းဖြေနေရာဖြစ်သည့် နမ့်ဆောင်ဂဲရေချိုးဆိပ်၌ အပန်းဖြေလေ့ရှိရာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြသည့် ဒေသခံပြည်သူများက အဆိုပါ အပန်းဖြေနေရာ၌ ရေပေါ်ဆိုင်များဖွင့်လှစ်၍ စားသောက်ဖွယ်ရာများကိုရောင်းချပြီး မိသားစုဝင်ငွေတိုးပွားစေခဲ့ကြောင်း သိရသည်။

နမ့်ဆောင်ဂဲရေပေါ်ဆိုင်များကို မတ်လတွင် စတင်တည်ဆောက်ထားကာ မေလထိ ဖွင့်လှစ်လျက်ရှိပြီး သင်္ကြန်ကာလတွင် ဒေသခံပြည်သူများအပြင် ရပ်ဝေးခရီးသွား ပြည်သူများကလည်း လာရောက်၍ အပန်းဖြေလေ့ရှိကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)