ဒဂုံ ဧပြီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီကျောင်းပိတ်ရက်အတွင်း အခြေခံအင်္ဂလိပ်စာသင်တန်းကို ဧပြီလ ၃ရက်နေ့မှ ဧပြီလ ၇ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး ယမန်နေ့ ညနေ ၄နာရီက သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့နယ်ဦးစီးအရာရှိ ဒေါ်မေသန္တာမှ ကျောင်းသား/သူများအား နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်၊ အင်္ဂလိပ်စာ 4 Skills အားအခြေခံ သိရှိထားပြီး စနစ်တကျ ပြောဆိုရေးသားနိုင်စေရန်၊ ကျောင်းသားကျောင်းသူများစာကြည့်တိုက်ကိုလာရောက်အသုံး ပြုကြစေရန်စသည့်ရည် ရွယ်ချက်များ ဖြင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက်သင်တန်းဆရာ ဦးနွဲ့မြင့်သိန်းက ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အကျိုးရှိသော အတတ်ပညာများကိုသင်ယူစေလိုကြောင်းနှင့် ပြန်/ဆက်ဦးစီး ဌာနအနေနှင့် လူငယ်များအတွက် ယခုကဲ့သို့ သင်တန်းများဆက်လက်ဖွင့်လှစ် ပေးသွားမည် ဖြစ်ပါကြောင်း၊ နောင်လာမည့်နှစ်များတွင်လည်း သင်တန်းများတိုးချဲ့၍ ပူးပေါင်းပို့ချဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အခြေခံအင်္ဂလိပ်စာသင်တန်းကို ဧပြီလ(၃)ရက်နေ့မှ(၇)ရက်နေ့အထိ(၅)ရက်ကြာနေ့စဉ် မွန်းလွဲ (၁)နာရီမှ (၃)နာရီအထိ သင်ကြားပေးခဲ့သင်တန်းသို့ သင်တန်းသား/သင်တန်းသူ(၂၁)ဦး တက်ရောက်သင်ကြားခဲ့ကြ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်း သား၊ သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများနှင့်အတူ အအေးနှင့်ကိတ်မုန့်အဟာရတို့ကို ထောက်ပံ့ကျွေးမွေးခဲ့ကြောင်း သိရသည်။
ကြည်ဇေသော်