ရသေ့တောင်မြို့နယ်၌ စားသုံးဆီတစ်ပိဿာလျှင်(၅၂၀၀/)ကျပ်နှုန်းဖြင့် ရောင်းချပေး

ရသေ့တောင်  ဧပြီ   ၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အစီစဥ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ရသေ့တောင်မြို့မှ စားသုံးဆီကိုယ်စားလှယ် ဦးထွန်းမြနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ စားသုံးရေးရာဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ယမန်နေ့ညနေ (၄)နာရီအချိန်တွင် ရသေ့တောင်မြို့၊‌ ချောင်းဝရပ်ကွက်၊ ဦးဥတ္တလမ်းတွင် စားသုံးဆီများကို စျေးနှန်းချိုသာစွာဖြင့် စနစ်တကျရောင်းချပေးခဲ့ကြသည်။

ထိုသို့ရောင်းချရာတွင် စားသုံးဆီတစ်ပိဿာလျှင်(၅၂၀၀/)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ၁ပိဿာနှုန်းဖြင့် ရောင်းချခဲ့ရာ မြို့ပေါ်ရပ်ကွက် အသီးသီးမှမိဘပြည်သူများက လာရောက်ဝယ်ယူသူများနှင့်စည်ကားလျက်ရှိကြောင်းသိရသည်။

နောက်နေ့များတွင်လည်း ကျန်ရှိသည့်ရပ်ကွက်များတွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားသုံးဆီကိုယ်စားလှယ် ဦးထွန်းမြထံမှ သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)