ပုဇွန်တောင် ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ သုံးရေအခက် ခဲရှိသော အိမ်ထောင်စုများထံသို့ ယမန်နေ့ညနေ ၅ နာရီအချိန်မှစတင်၍ မြို့နယ်မီးသတ် ဦးစီးဌာနမှ မီးသတ် ရေသယ်ယာဉ်ဖြင့် သုံးရေများ ပေးဝေခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်း ရေပြတ်လပ်လျက်ရှိ သော အမှတ်(၆)ရပ်ကွက်အတွင်းရှိ ပြည်သူများအား ရေပေးဝေနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်ကျော်လွင်ဦးဆောင်၍ မြို့နယ်မီးသတ် ဦးစီးမှူး ဦးအောင်လင်းဦးနှင့် တပ်ဖွဲ့ ဝင်များပူးပေါင်း၍ ရေလိုအပ်လျက်ရှိသော ပြည်သူများ၏လိုအပ် ချက်အား ပူးပေါင်းဖြေရှင်း ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရေပြတ်လပ်လျက်ရှိသော အမှတ်(၆)ရပ်ကွက်အတွင်းရှိ နွယ်နီလမ်း၊ ပိတောက်လမ်း၊ ဂန္ဓမာလမ်း၊ မြခွာညိုလမ်းများတွင်နေထိုင်ကြသော အိမ်ထောင်စု (၁၅၀)ခန့်ရှိ ပြည်သူ များထံသို့ မီးသတ်ရေသယ်ယာဉ်ဖြင့် ရေဂါလံ(၁၆၀၀)ဆန့် (၂)ခေါက် ရေပေးဝေပေးခဲ့ကြောင်း သတင်း ရရှိသည်။
ဟန်စုယဉ်