အင်းစိန်မြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်သင်တန်းများအဖြစ် ကွန်ပျူတာ၊ ပန်းချီနှင့် တရုတ်/အင်္ဂလိပ် စကားပြောသင်တန်းဆင်းပွဲကျင်းပ

ရန်ကုန် ဧပြီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများစွာရရှိစေရန်ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက်သင်တန်းများအဖြစ် ကွန်ပျူတာ၊ ပန်းချီနှင့် တရုတ်/အင်္ဂလိပ် စကားပြောသင်တန်းများဆင်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟို ဌာန Community Centre ခန်းမတွင် ကျင်းပသည်။

ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးဘိုကြည်တို့က အမှာစကား အသီးသီးပြောကြားပြီး အလှူရှင် ဦးတင့်လွင်က သင်တန်းနည်းပြများအတွက် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သင်တန်းများ အသီးသီးတွင် ထူးချွန်စွာဖြင့် ဆုများရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး သင်တန်းနည်းပြဆရာများအား ဂါရဝလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ထို့နောက် တက်ရောက်သင်ကြားခဲ့သော ကျောင်းသား၊ ကျောင်းသူများက တရုတ်စကားပြော စွမ်းရည်နှင့် အင်္ဂလိပ်စကားပြောစွမ်းရည်များ ပြသခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)