စမ်းချောင်း ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ(၂)နာရီက မီးဘေးအန္တရာယ်ကြီးမားပုံအကြောင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးအန္တရာယ်အသိပညာပေး Talk Show တွင် အိမ်သုံးပစ္စည်းများကြောင့် မီးဘေးအန္တရာယ်ဖြစ်ပွားရခြင်းအကြောင်းများ၊ မီးဘေးအန္တရာယ်မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ပုံအကြောင်းနှင့် မီးလောင်ပါက မည်သို့ဆောင်ရွက် သင့်သည်ကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရန်နှင့် ဗဟုသုတများရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒေါ်ဖြူဖြူဖွေးနှင့် ဦးရာဇာအောင်တို့က Online Facebook page မှတစ်ဆင့် မီးဘေးအန္တရာယ်အသိပညာပေး Talk Show ကို ထုတ်လွှင့်တင်ဆက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
နီလာစိုး