မြင်းခြံ ဧပြီ ၈
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများ သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် နွေရာသီအားကစားသင်တန်းများဖြစ်သည့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ မြန်မာ့သိုင်း၊ တင်းနစ်၊ Physical Fitness Dance သင်တန်းများ တက်ရောက်ပြီးကြောင်း ဂုဏ်ပြုလက်မှတ်များနှင့် သင်တန်းများအလိုက် စွမ်းရည်ပြိုင်ပွဲဆုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်နှင့် တာဝန်ရှိသူအသီးသီးက ပေးအပ်ခဲ့ကြသည်။
အဆိုပါအားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီအားကစား သင်တန်းများတွင် သင်တန်းသား၊ သင်တန်းသူ(၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)