ရမ်းဗြဲ ဧပြီ ၈
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ စေရင်းအုပ်စု၊ စေရင်းကျေးရွာတက်ခေတ်လူငယ်စာကြည့်တိုက်အဆောင်သစ်ကို ယမန်နေ့နံနက်(၈)နာရီအချိန်က အဆိုပါစာကြည့်တိုက်ရှေ့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃ ဦးမောင်ကြည်၊ တက်ခေတ်လူငယ်စာကြည့်တိုက်မှူးကိုကျော်ဇေယျာလင်းနှင့် ဒုလက်ထောက်စာကြည့်တိုက်မှူးကိုမျိုးနိုင်လင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက်ခေတ်သစ်လူငယ်စာကြည့်တိုက်မှူးကိုဇေယျာလင်းက စာကြည့်တိုက်အဆောင်သစ်ဆောက်လုပ်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃ ဦးမောင်ကြည်ကကျေးရွာစာကြည့်တိုက်ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ရပ်သူရွာသားကိုယ်စား ဦးမောင်ထွန်းလှမှကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃ ဦးမောင်ကြည်က တက်ခေတ်လူငယ်စာကြည့်တိုက်မှူးကိုဇေယျာလင်းအား စာအုပ်စာစောင်များ လှူဒါန်းပေးကြသည်။ တက်ခေတ်လူငယ်စာကြည့်တိုက်ဖွင့်ပွဲကို ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဒေသခံပြည်သူများတက်ရောက်ကြကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်