မရမ်းကုန်းမြို့နယ်ကမ္ဘာအေးဘုရားဝင်းအတွင်းသံဃာတော်များအတွက် Quarantine Center အဖြစ်ထားရှိမည့် အဆောက်အအုံ ပတ်ဝန်းကျင်အား သန့်ရှင်းရေးဆောင်ရွက်

မရမ်းကုန်း အောက်တိုဘာ ၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားဝင်းအတွင်းသံဃာတော်များအတွက် Quarantine Centerအဖြစ်ထားရှိမည့် အဆောက်အအုံများပတ်ဝန်းကျင်အားသန့် ရှင်းရေးပြုလုပ်ခြင်း ကိုယမန်နေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ Quarantine Center အဖြစ်ထားရှိမည့်အဆောက်အအုံများမှာဗုဒ္ဓသာသနာ့ဆေးရုံးနှင့် သာသနာ ရေးဦးစီးဌာန ဝန်ထမ်းအိမ်ယာ အဆောက်အအုံအသစ်တို့ဖြစ်ပြီး အဆောက်အအုံများ၏ပတ်ဝန်းကျင်ရှိသစ်ပင်၊ သစ်ကိုင်းများ၊ ​​​ပေါင်းပင်ချုံနွယ်များအားခုတ်ထွင်ရှင်းလင်းခြင်းနှင့်သန့်ရှင်းရေး ပြုလုပ်ခြင်း တို့ကို ပန်းဥယျာဥ်လုပ်သားအင်အား (၁၀၀)ဦး၊ သန့်ရှင်းရေးလုပ်သားအင်အား (၁၀၀) ဦး၊ မြို့နယ်အရံမီး သတ်အင်အား (၂၀)ဦး စုစုပေါင်းအင်အား (၁၃၀)ဦးတို့ဖြင့်ဆောင်ရွက်ခဲ့သည်။

လုပ်ငန်းဆောင်ရွက်နေရာသို့ ပန်းဥယျာဥ် ဒုတိယဌာနမှူးဦးလှဝင်းအောင်၊ ခရိုင်းမှူးဦးမျိုးသိန်း၊ ဌာနခွဲမှူးဦးစိုးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းချစ်နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေး မှူးဦးအေးသောင်း  နှင့်တာဝန်ရှိသူများမှကြပ်မတ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အေးအေးအောင် (ပြန်/ဆက်)