ရန်ကုန် အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေ ရေးနှင့် ကာကွယ်ထိန်းချုပ်ကုသနိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ မြို့နယ် အတွင်းရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေး စင်တာများတွင် အသုံးပြုနိုင်ရန် လိုအပ်သည့် အသုံး အဆောင်ပစ္စည်းများနှင့် ကျန်းမာရေးသုံးပစ္စည်းများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ယမန်နေ့ မွန်းလွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် အသွားအလာကန့်သတ်စောင့်ကြည့်ရေး စင်တာများနှင့် လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန် ခေါင်းအုံး၊ ခြင်ထောင်၊ ဂွမ်းကပ်စောင်၊ အိပ်ယာခင်းဖျာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာ၊ ရေချိုးခွက်၊ သောက်ရေခွက်၊ ဆပ်ပြာခွက်၊ ၁၅၀ စုံစီ၊ PPE ဝတ်စုံ (၃၀) စုံ၊ Surgical Gown (၅၀) စုံ၊ Face Shields (၁၀၀) ခု၊ Surgical Mask (၁၀၀၀) ခု၊ KN-95 Mask (၃၀) ခု၊ လက်အိတ်(၁၀၀)ပါ(၃)ဘူး၊ ရာဘာလက်အိတ်(၁၀)စုံ၊ ခေါင်းစွပ်(၁၀၀)ပါ(၃)ဘူး၊ ရေမလို လက်သန့် ဆေးရည် (၅၀၀ml) (၁၀) ဘူး၊ လက်ဆေးဆပ်ပြာရည်(၅၀၀ml)(၁၀) ဘူးနှင့် အရက်ပျံ(၅၀၀ml)(၁၀) ဘူး လှူဒါန်းခဲ့ကြရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်ကိုဗစ်အထောက်အကူပြုအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
ခင်ချောစုဝင်း (ပြန်/ဆက်)