တာမိုးညဲမြို့ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် စာဖတ်ခြင်းအကျိုးကျေးဇူးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

တာမိုးညဲ ဧပြီ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ လူထုအခြေပြုဗဟိုဌာန Community Center) ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က စာဖတ်ခြင်းအကျိုးကျေးဇူး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီး ဒေါ်ခေါန်မိုင်က ကျောင်းသား၊ ကျောင်းသူလူငယ်များကို စာပေဖတ်ရူခြင်းဖြင့် အသိပညာဗဟုသုတရရှိပြီး အသိပညာပြည့်ဝမှသာ အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ်မည်ဖြစ်ကြောင်း၊ အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများ လေ့လာဖတ်ရူသင့်ကြောင်းနှင့် စာဖတ်ခြင်းအကျိုးကျေးဇူးကို အသိပညာပေး ဟောပြောခဲ့ သည်။

ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလူငယ်များက ခင်းကျင်းပြသထားသော ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို စိတ်ဝင်တစား ဖတ်ရှုခဲ့ကြသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူလူငယ်များ(၃၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(ခေါန်မိုင်)တာမိုးညဲ