ပေါင်မြို့နယ်တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး(Talk Show)ကျင်းပ

ပေါင်    ဖေဖော်ဝါရီ    ၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး(Talk Show)ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်တင်ဇာစိုးက(Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး   အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု သထုံမှ ရဲအုပ်အောင်နိုင်က ယာဉ်ထိန်းရဲတွေရဲ့တာဝန်ဝတ္တရားများ ကိုလည်းကောင်း၊  ယာဉ်တိုက်မှုဖြစ်ပွားရတဲ့အကြောင်းအရာများကိုလည်း‌ကောင်း၊ ယာဉ်တိုက်မှုအမျိုးအစားများကိုလည်းကောင်း၊ ကားနှင့်ဆိုင်ကယ်မောင်းရာတွင်လိုက်နာရမည့်အချက်များကိုလည်း‌ကောင်း၊ လမ်းလျှောက်ရာတွင် လိုက်နာရမည့်အချက်များကိုလည်းကောင်းစသည့် ပြည်သူများ သိသင့်သိထိုက်သောအကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်‌လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)