မိုင်းငေါ့ ဧပြီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ရုံးခန်းတွင် ယမန်နေ့မွန်းလွဲ(၁)နာရီ အချိန်ခန့်က ဆရာအောင်သင်းရေးသားသော “အတွေ့အကြုံနှင့်အတွေးအကြံ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်မို့မို့က စာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့် လူငယ်လူရွယ်များစာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာပေအကြောင်းအရာများကို နှီနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် Youth Club အသင်းမှ မနှင်းယုစံက “အတွေ့အကြုံနှင့်အတွေးအကြံ” မခိုင်ဇင်ထက်က “ခွန်အားစွမ်းပကားကြီးသောသူ” နန်းဟွမ်ခမ်းက “အတွေးအမြင်သဘောထားကြီးရင့်သူ” စသည့်ခေါင်းစဥ်အသီးသီးတို့ကို ဖတ်ကြားခဲ့ကြပြီး စာအုပ်ပါအကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းကို တစ်လလျှင်(၁)ကြိမ် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့၊ ပြန်/ဆက်)