မိုးနဲ အောက်တိုဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူအမည်စာရင်းများ ကပ်ထားကြေညာထားရှိမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဌေးညွန့်နှင့် အဖွဲ့ဝင်များက မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲပေးပိုင် ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာ ထားရှိမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ရန်၊ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ပြည်သူများ သိရှိနိုင်စေရန်အတွက် သတ်မှတ်ချက်အတိုင်း လိုက်လံနှိုးဆော်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)နှင့် အမှတ်(၂)တို့တွင် မဲရုံပေါင်း (၃၁) ရုံထားရှိပြီး ဒုတိယအကြိမ်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၂၇၇၆၇) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)