မန္တလေး ဧပြီ ၆
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်အတွင်း ဖွဲ့စည်းထားသော ရွှေပြည်သစ် (ယခင်ရတနာပုံ) အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဧပြီလ ၆ ရက်နေ့ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် သဘာပတိ ဒေါ်ခင်ပြုံးဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်မှ လမ်းညွှန်အမှာ စကားပြောကြားခဲ့ပြီးနောက် အသင်း၏ ဘဏ္ဍာရေးရှင်းတမ်း၊ အသင်း၏ ရှေ့လုပ်ငန်းစဉ်များ၊ အသင်းစာရင်းစစ် အစီရင်ခံစာများကို ဖတ်ကြားတင်ပြခဲ့ရာ သဘာပတိမှ အတည် ပြုခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများ၊ ရွှေပြည်သစ် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါ ယမအသင်းလီမိတက်မှ အသင်းသား၊ အသင်းသူများ တက်ရောက်ခဲ့ကြပြီး ယင်းအသင်းတွင် အသင်းသား၊ အသင်းသူ ၁၃၆ ဦးရှိပြီး အသင်းသားများအား ထောက်ပံ့ငွေ ကျပ် ၄၇ သိန်း ၆ သောင်း ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်