တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကျင်းပ

တောင်သာ ဧပြီ ၆

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဧပြီလ(၆)ရက်နေ့ နံနက်(၉)နာရီ အချိန်က မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးက မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မိမိကိုယ်မိမိ သေကြောင်းကြံစည်ခြင်း၊ စိတ်ရောဂါဖြစ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ လူညွှန့်တုံးစေခြင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များစသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည့် အကြောင်းအရာများအား ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)