ပန်းဘဲတန်း အောက်တိုဘာလ ၂
ပန်းဘဲတန်းမြို့နယ် (၂၆)လမ်းဈေးသို့ ဈေးဝယ်လာရောက်သူပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု လျော့ နည်းစေရန်အတွက် ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ပန်းဘဲတန်းမြို့နယ် (၂၆)လမ်းဈေးသည် ဈေးဝယ်ပြည်သူများလာရောက်မှုများပြားခြင်းကြောင့် ကိုဗစ်-၁၉ရောဂါကူးစက် ပျံ့နှံ့မှုလျော့နည်းစေရန်၊ ပြည်သူများ ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို အလေးထားလိုက်နာစေရန် ရည်ရွယ်ချက်ဖြင့် ဈေးအတွင်းဝင်ရောက်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်လာခြင်းမရှိပါက နှာခေါင်းစည်းများဖြန့်ဝေခြင်းကို စည်ပင်သာယာဝန်ထမ်းများ၊ We love Pabedan အဖွဲ့မှ ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။
ပန်းဘဲတန်းမြို့နယ် (၂၆)လမ်းဈေးတွင် ဈေးရောင်းချသူနှင့် ဈေးဝယ်ပြည်သူများ ကျန်းမာရေးလမ်း ညွှန်ချက်များကို လိုက်နာမှုရှိစေရန်အတွက် လွှတ်တော်ကိုယ်စား လှယ်များ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ
ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှ ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
နေခြည်(ပြန်/ဆက်)